ပညာသည်အုပ်စုအလိုက်တာဝန်ထမ်းဆောင်နိုင်မည့်ပညာရပ်များ
► ပညာသည်(က)အုပ်စု စစ်သည်များအနေဖြင့် အောက်ပါ
ပညာရပ်တစ်ခုခုတွင် တာဝန် ထမ်းဆောင်ရမည် -
- ရေကြောင်းသွားလာမှု။
- ရေကြောင်းတိုင်းတာရေး။
- ရေတပ်လက်နက်နှင့် ခဲယမ်း။
- ရေငုပ်နှင့် ဆယ်ယူရေး။
- ရေယာဉ်တည်ဆောက်ရေး/ ပြုပြင်ရေးနှင့် စက်မှုအင်ဂျင်နီယာ။
- ဆက်သွယ်ရေး၊ အီလက်ထရောနစ်နှင့် ကွန်ပျူတာ။
► ပညာသည်(ခ)အုပ်စု စစ်သည်များအနေဖြင့် အောက်ပါ
ပညာရပ်တစ်ခုခုတွင် တာဝန် ထမ်းဆောင်ရမည် -
- ရေယာဉ်ကိုင်တွယ်ထိန်းသိမ်းမှု။
- ယန္တရားစက်မောင်းနှင့် မော်တော်ယာဉ်ပြင်ဆင်ခြင်း။
- ပစ္စည်းထိန်းလုပ်ငန်းနှင့် စာရင်းအင်းစီမံခန့်ခွဲမှု။
- ရေတပ်သူနာပြုနှင့် ဆေးဘက်အကူ။
- စစ်တီးဝိုင်း။
► ပညာသည်(ဂ)အုပ်စု စစ်သည်များအနေဖြင့် အောက်ပါ
ပညာရပ်တစ်ခုခုတွင် တာဝန် ထမ်းဆောင်ရမည် -
- တပ်ထိန်းနှင့် လုံခြုံရေး။
- စစ်ထောက်ပစ္စည်းထိန်းသိမ်းရေး။
- မော်တော်ယာဉ်မောင်းနှင်မှု။
- စားရိပ်သာနှင့် ချက်ပြုတ်ခြင်း။
► သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် စစ်သည်များသည်
ဗိုလ်လောင်းသင်တန်း လျှောက်ထားခွင့်နှင့် ပြည်ပနိုင်ငံများ
တွင် ဖွင့်လှစ်သည့် ရေတပ်ပညာရပ်ဆိုင်ရာ သင်တန်းသို့
တက်ရောက်သင်ကြားခွင့်ကိုရရှိမည်။